Our Clients

coming soon!

Why study at STARFISH?

အင်္ဂလိပ်စာသင်ကြားခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများ

  • နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းတွေတက်တဲ့ အခါ စာကိုကောင်းစွာ နားလည်ပြီး စာမေးပွဲမှာ အမှတ်ကောင်းစွာ ရရှိခြင်း
  • နိုင်ငံခြားတက္ကသိုလ်များ ဝင်ခွင့်ရရန်အတွက် လိုအပ်သော အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ ဖြေဆိုရန် အခြေခံကောင်းကောင်းရရှိခြင်း
  • ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီများ တွင် လစာကောင်းဖြင့် ရာထူးကောင်းစွာရရှိခြင်း
  • လူအများကြားတွင် အင်္ဂလိပ်စကားကို Confidence ရှိပြောဆိုနိုင်ပြီး ကောင်းစွာ ဦးဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

လေ့လာသင်ကြားမှုပတ်ဝန်းကျင်

ဖော်ရွေပြီး လေ့လာသင်ကြားရန် သက်တောင့်သက်သာရှိသော သင်ကြားမှု ပတ်ဝန်းကျင် ၊ အင်္ဂလိပ်စာဖြင့် အမြဲလေ့လာ သင်ယူပြောဆိုရခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ပေးခြင်း ၊ ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်အလိုက် ဖတ်ရှုစေရန် စာအုပ်များစုစည်းထားသည့် စာကြည့်တိုက်နှင့် သင့်ရဲ့ အင်္ဂလိပ်စာ စွမ်းရည်နှင့် တန်းတူရှိသော အတန်းဖော်များနှင့်သာ အတူသင်ကြား ရမည်ဖြစ်သောကြောင့် သင့်အတွက် အင်္ဂလိပ်စာ သင်ယူလိုစိတ်ကို ဖြစ်စေပါသည်။

နွေးထွေးခင်မင်မှု၊ ကူညီပံ့ပိုးမှုအပြည့်ဖြင့်သင်ကြားပေးနိုင်သောနေရာ

အင်္ဂလိပ်ဘာသာစကားလေ့လာခြင်းဟာ တခါတရံ စိန်ခေါ်မှုတရပ်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Starfish Education မှာ အင်္ဂလိပ်စာ လာရောက်လေ့လာသင်ယူပါက သင်အောင်မြင်မှုရရှိရန် ကျွန်တော်တို့ရဲ့ Starfish Education မိသားစုမှ ကူညီပေးရန် အမြဲ လက်ကမ်းကြိုဆိုနေမှာအမှန်ပါ။

သင်ကြားမှုစနစ်နှင့်သင်ရိုးညွှန်းတမ်း

Starfish Education ၏ သင်ရိုးညွှန်းတမ်းတွင် သင်ရိုးညွှန်းတမ်းစာအုပ်တစ်မျိုးတည်းကိုသာ အမှီပြု၍ သင်ကြားခြင်းမဟုတ်ဘဲ ကျောင်းသား၊ကျောင်းသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် အကောင်းဆုံး ပြုလုပ်ထားသည့် ကျောင်းသားဗဟိုပြု သင်ကြားမှုနှင့် သင်ရိုးညွှန်းတမ်းကို သင်ကြားပေးခြင်းဖြစ်တဲ့အတွက် ကျောင်းသားများ၏ အင်္ဂလိပ်စာ အရေးအဖတ်အပြော နားထောင်မှု စွမ်းရည်များ အချိန်တိုတိုအတွင်း တိုးတက်လာကြောင်း ကျောင်းသားများ ကိုယ်တိုင် ခံစားတွေ့ရှိရပါတယ်။

အရည်အချင်း ပြည့်ဝသောဆရာ/ဆရာမများ

Starfish Education မှ ဆရာ/ဆရာမ တွေဟာ သင်ကြားမှု အတွေ့အကြုံများစွာရှိရုံသာမက Cambridge University မှ တိုက်ရိုက်ချီးမြှင့်သော ဘာသာစကား သင်ကြားမှုနယ်ပယ်တွင် အဆင့်အမြင့်ဆုံး အသိအမှတ်ပြုလက်မှတ်ဖြစ်သည့် CELTA နှင့် အခြားနိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များဖြစ်သော TEFL/TESOL လက်မှတ်များပိုင်ဆိုင်ထားသော Local နှင့် Native Speaker ဆရာ/ဆရာမ များ မှ သင်ကြားပို့ချပေးနေခြင်းဖြစ်ပြီး ဆရာ/ ဆရာမများကို လည်း စဉ်ဆက်မပြတ် မွမ်းမံသင်တန်းများ ပြုလုပ်ပေးနေသောကြောင့် သင်ရိုးညွှန်းတမ်း နှင့် ဆရာ/ ဆရာမ များ၏ အရည်အသွေးကို အပြည့်အဝ အာမခံပြီး သင်ကြားပေးနေပါတယ်။

အင်္ဂလိပ်စာဘာသာစကားသင်ယူလေ့လာရန်အကောင်းဆုံးကျောင်း

Starfish Education မှာတက်ရောက်သင်ကြားတဲ့အခါမှာ ခေတ်မှီပြီးထိရောက်မှု့ရှိတဲ့ပတ်ဝန်းကျင်ရဲ့ အတွေ့အကြုံအသစ်ကို ခံစားရမှာပါ။ ဒီလိုအတွေ့အကြုံအသစ်တွေကို ခံစားရဖို့ ကျွန်တော်တို့ဖက်မှ အကောင်းဆုံး ဝန်ဆောင်မှုတွေအပြင် ကမ္ဘာ့အဆင့်မီ Communicative teaching Method ကိုအသုံးပြုပြီး ကျောင်းသား၊ ကျောင်းသူများရဲ့ အရေး၊ အပြော၊ အဖတ်၊ နားထောင်မှုစွမ်းရည် ( 4 skills) စလုံးတို့ကို အချိန်တိုတိုအတွင်းမှာ သင်ယူတတ်မြောက်သွားစေဖို့အတွက် သင်ကြားပေးနေခြင်း ဖြစ်ပါတယ်။Starfish Education တွင်အင်္ဂလိပ်စာဘာသာစကားလေ့လာသင်ယူခြင်းဟာမိမိအနာဂတ်အတွက်မှန်ကန်ကောင်းမွန် သော ရွှေးချယ်ခြင်း ဖြစ်စေမှာအမှန်ပါ။ ‌တွေ့

Business English Course Yangon Class Schedule

Business English Course Mandalay Class Schedule

Kaplan Test Prep programs in Myanmar are operated by STARFISH Education under the Exclusive Kaplan Certified Education Provider agreement between STARFISH Education and Kaplan Test Prep International. * Test names and other trademarks are the property of the respective trademark holders. None of the trademark holders are affiliated with Kaplan or Kaplan Certified Education Providers or this website.